DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၆-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

 

(မြန်မာစံတော်ချိန် ၁၄:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၄၁)မိနစ်၊ (၂၄)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရေနံချောင်းမြို့၏ အရှေ့ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၂) ဒီဂရီ၊ အနက်(၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။