DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၆-၁-၂၀၂၆: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။

မြေငလျင်သတင်း

မြေငလျင်သတင်း

 

(မြန်မာစံတော်ချိန် ၂၀:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၂၃)မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကျိုင်းတုံငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၆၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းရှူးမြို့၏ အရှေ့တောင်ဘက် (၂၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၇၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၆၅) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။