DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ၂၄-၁၁-၂၀၂၅ ရက်နေ့တွင် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 (၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။     နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                     ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။

ရေပြင်လေ။                    အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ  မိုင် ၂၀။

လှိုင်းအ‌ခြေအနေ။             လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                    ၄ ပေမှ ၆ ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။     အများအားဖြင့် သာယာမည်။

အမြင်တာ။                     ၅ မိုင်။

ရေပြင်လေ။                    မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ  မိုင် ၂၀ မှ ၂၅ မိုင်။

လှိုင်းအ‌ခြေအနေ။             လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                    ၄ ပေမှ ၆ ပေခန့်။