DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၁-၁၀-၂၀၂၅: ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၀၈/၂၀၂၅)

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၀၈/၂၀၂၅)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇  ရက်နေ့  မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်  ထုတ်ပြန်ချက်

(­­­က)    ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့ကို ဖြတ်ကျော်ခဲ့သော လေပွေလှိုင်းသည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျား ခဲ့ပြီး အားလျော့သွားခဲ့ပါသည်။ လေပွေလှိုင်း၏ အကြွင်းအကျန်တိမ်တိုက်များသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မုတ်သုံလေဖိအားနည်း မြှောင်တန်းအဖြစ် သွယ်တန်းလျက်ရှိပါသည်။

(ခ)   ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”(KAJIKI)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။