DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၁-၃-၂၀၂၆ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မြေငလျင်သတင်း

မြေငလျင်သတင်း

 (မြန်မာစံတော်ချိန်  ၀၁း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁) နာရီ(၂၈) မိနစ်(၁၂) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၀၇၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Near East coast of Kamchatka, Russia)၊ မြောက်လတ္တီတွဒ် (၅၃.၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၄၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၇.၈) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။