တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အခြေအနေသတင်း အမှတ်စဉ်(၀၄/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI) သည် အနောက်- အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ဘူအလွိုင်”သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ နောက် ၇၂ နာရီအတွင်း လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။