ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေသတင်း အမှတ်စဉ် (၀၈/၂၀၂၅)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တို့တွင် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။
(ခ) ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း “မတ်မို”(MATMO)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။

