DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၆-၂-၂၀၂၆:ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများ အားဖြင့် သာယာနေပါသည်။

လေဖိအားနည်းရပ်ဝန်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီး တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည်  ဆက်လက်တည်ရှိနေ ပါသည်။  အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။