DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

(၁၈-၄-၂၀၂၆) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရေနည်းမည့်အခြေအနေသတင်း

ရေနည်းမည့်အခြေအနေသတင်း

(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၀၈:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

   ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် ၁၆၄ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၇ ရက်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၇၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

    ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် ၁၀၀ စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၇ ရက်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Burmese