Saturday, May 2, 2026 - 12:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၂း၂၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၀၃)မိနစ်၊ (၂၈) စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မအူပင်မြို့၏ မြောက်ဘက်(၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၉၀) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၆၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

