မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၅း၅၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅) နာရီ၊ (၃၉) မိနစ်၊ (၀၈) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းလားမြို့၏ တောင်-အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၅၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၀.၀၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။