ရေကြီးခြင်းသတိပေးချက်
ရေကြီးခြင်းသတိပေးချက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ ၁၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဖောင်းပြင်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။













