လေဖိအားနည်းရပ်ဝန်းအခြေအနေ
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။














