ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်မြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာ နိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချန်ဘလီမြို့ (Chandbali)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning) တောင်- အနောက်တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ်မိုင် ၁၅ -၂၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀။ လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင် ၊ တစ်နာရီပင်လယ်မိုင် ၁၅ -၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။ လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၉ ပေမှ ၁၁ ပေခန့်။













