မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၂၆)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဟယ်လ်ဒီယာမြို့ (Haldia) ၏ အနောက်ဘက်နှင့် ဒစ်ဂါမြို့ (Digha) ၏ အရှေ့ဘက် ကမ်းခြေဒေသတို့အကြားမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဩရိဿပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
၂။ ယခုသတင်းသည် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အတွက် ထုတ်ပြန် ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။













