ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၆ စင်တီမီတာ (၆ လက်မခန့်) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦး မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅၁ စင်တီမီတာ (၁ ပေ ၈ လက်မခန့်) ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၃၀ စင်တီမီတာ(၁ ပေ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅၆ စင်တီမီတာ (၁ ပေ ၁၀ လက်မခန့်) ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ(၄ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁၅ စင်တီမီတာ(၆ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၄ စင်တီမီတာ (၉ လက်မခန့်) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁၅ စင်တီမီတာ(၆ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၉၆ စင်တီမီတာ (၃ ပေ ၂ လက်မခန့်) ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄၆ စင်တီမီတာ (၁ ပေ ၆ လက်မခန့်) ကျော်လွန်ရောက် ရှိနေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ (၄ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၈ စင်တီမီတာ (၁၁ လက်မခန့်) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်နှင့် မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဘားအံမြို့နယ်၊ ဆိပ်သာမြို့နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ ရေကြီးမှုအခြေ အနေသတင်းနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့တင်ပြသွားမည်ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။













