ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)   

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာ (၁၀ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄၁ စင်တီမီတာ (၁ ပေ ၄ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ(၄ လက်မ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄၄ စင်တီမီတာ (၁ ပေ ၅ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာ(၄ လက်မ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၆၃ စင်တီမီတာ (၂ ပေ ၁ လက်မခန့်ကျော်လွန်ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၅၇ စင်တီမီတာ (၁ ပေ ၁၀ လက်မခန့်) ကျော်လွန်ရောက် ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၃ စင်တီမီတာ (၅ လက်မခန့်) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာ (၂ လက်မ)ခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ စင်တီမီတာ (၂ လက်မခန့်အလိုတွင်ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ ၃၀ စင်တီမီတာ (၁ ပေ)ခန့် ကျော်လွန် ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြု နေထိုင်ပါရန်နှင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဘားအံမြို့နယ်၊ မအူပင်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ ရေကြီးမှုအခြေအနေသတင်းနှင့်ပတ် သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့တင်ပြသွားမည်ဖြစ် ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။