ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃၆ နာရီ အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။













