လေဖိအားနည်းရပ်ဝန်းအခြေအနေ
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
“ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ၂၄-၁၀-၂၀၂၆ ရက်နေ့တွင် ပိုမိုအားကောင်း လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ကာ ၂၅-၁၀-၂၀၂၆ ရက်နေ့တွင် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ၂၆-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၆ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတို့သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။”













