DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၁-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်းသည်မုန်တိုင်းကြီးများနှင့်တွဲလျက်ပါလာသောမိုးတိမ်တောင် (Cumulonimbus)

သို့မဟုတ်သီးခြားဖြစ်ပေါ်သည့်မိုးတိမ်တောင်ကြီးများ၏အောက်ခြေတွင်ဖြစ်ပေါ်သောပြင်းထန်သည့်

မိုးလေဝသဖြစ်စဉ်တစ်ရပ်ဖြစ်သည်။

လေဆင်နှာမောင်းမှာတိမ်တိုက်အတွင်းအထက်တက်လေနှင့်အောက်ဆင်းလေများသည် အချင်းချင်း

ပွတ်တိုက်လျက် လေပွေ(Vortex) အငယ်စားဖြစ်ပေါ်ရာမှအောက်ခြေမြေပြင်ပေါ်ရှိအရာဝတ္ထုနှင့်

အဆောက်အဦ၊အပင်များကိုအပေါ်သို့ဘယ်ရစ်ရစ်လျက်ပင့်တင်ဆွဲယူသွားပြီး၊ဖြစ်စဉ်အတွင်း

လေတိုက်နှုန်းမိုင် ၆၀ မှ ၈၀ ခန့်နှုန်းဖြင့်သယ်ဆောင်တိုက်ခတ်သွားခြင်းဖြစ်ပါသည်။ဖြစ်ပွားချိန်မှာ

(၁၅)မိနစ်မှ (၃၅)မိနစ်ခန့်သာကြာပြီး လေဆင်နှာမောင်းအချင်းမှာလည်း (၁)မိုင်ခန့် ရှိနိုင်ပါသည်။

အဆိုပါဖြစ်စဉ်သည်ပင်လယ်ထဲ၌ ဖြစ်ပါက ရေဆင်နှာမောင်း(Water spout)ဟုခေါ်ပါသည်။