DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၇-၃-၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အအေးလှိုင်း (Cold wave)

အအေးလှိုင်း

ဆောင်းမုတ်သုံအားကောင်းတတ်သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း မြန်မာနိုင်ငံ အရှေ့ဘက် ရှမ်းကုန်းမြင့်ဒေသများ၊ မြေလတ်ပိုင်းဒေသများတွင် အအေးလှိုင်းဖြစ်ပေါ်မှုအများဆုံးဖြစ်ပေါ်ကြောင်း တွေ့ရ ပါသည်။ ဆောင်းမုတ်သုံကာလတွင်း တရုတ်ပြည်ပေါ်မှ လေဖိအားများဒေသ (High Pressure Region) သည် တဖြည်း ဖြည်း အင်အားချဲ့ထွင်လာသည့်အခါ ၎င်းလေဖိအားများဒေသမှ လေဖိအားများဘောင်တန်း (Ridge) သည် မြန်မာနိုင်ငံသို့ အရှေ့မြောက်ဘက်မှ တိုးဝင်လာပြီး၊ ၎င်းလေဖိအားများ ဘောင်တန်းထိပ်ဖက်တွင်အအေးပိုခြင်း ဖြစ်ပေါ်လာပါသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိအသုံးပြုနေသော အပူချိန်သတ်မှတ်ချက်များအရ အအေးလှိုင်း (Cold wave)နှင့် ပတ်သက်ပြီး ဆောင်းရာသီကာလတွင် ပုံမှန်အပူချိန်တို့အောက် ၇ ဒီဂရီဆဲလ်စီးယပ်မှ ၈ ဒီဂရီဆဲလ် စီးယပ်အောက် လျော့နည်းခြင်း ၃ ရက်နှင့်အထက် ဖြစ်ပေါ်နေပါက အအေးလှိုင်းဟု အဓိပ္ပါယ်သတ်မှတ်ပြီး၊ ၉ ဒီဂရီ ဆဲလ်စီးယပ်နှင့်အောက် လျော့နည်းခြင်း ၃ ရက်နှင့်အထက် ဖြစ်ပေါ်နေပါက  အားကောင်းသောအအေးလှိုင်း (Severe Cold wave) ဟု အဓိပ္ပါယ်သတ်မှတ်ထားပါသည်။