DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၁-၁၀-၂၀၂၄:   ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ၊ ပထမ(၁၀)ရက်ပတ် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

(၂၈-၆-၂၀၁၈ ရက်နေ့ ထုတ်ပြန်သည်)

           ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့် မြင့်တက်လာနိုင်ပါသည်။
         ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ပထမ(၁၀)ရက်ပတ်အတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ နှင့် ဖောင်းပြင်မြို့တို့တွင် ၆-ပေမှ ၈-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့် မြင့်တက်လာနိုင်ပါသည်။