Earthquake News

မြေငလျင်သတင်း

မြန်မာစံတော်ချိန် (     ၀၃း၄၀)နာရီထုတ်ပြန်ချက်

 

၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၀၃)နာရီ (၀၃)မိနစ် (၅၉)စက္ကန့် အချိန်တွင်  ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (စလင်းမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၂၀.၅၈)၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၉)၊ အနက် (၈)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၂)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိခဲ့ပါသည်။