ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ် ဒေသတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြစ်ဝကျွန်းပေါ်ဒေသနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။   နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။               (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။                  တောင်(သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။          လှိုင်းကြီးမည်။
လှိုင်းအမြင့်။                 (၉)ပေမှ (၁၂)ပေခန့်။    


ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။               (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။
ရေပြင်လေ။                  အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၅- ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအ‌ခြေအနေ။          လှိုင်းကြီးမည်။
လှိုင်းအမြင့်။                 (၉)ပေမှ (၁၂)ပေခန့်။