Wednesday, November 7, 2018 - 04:30
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၂၀)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်ဘက် (၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (India- Myanmar Border Region) မြောက်လတ္တီတွဒ် (၂၄.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၁) ဒီဂရီ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။