ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်(၁၂.၈.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်

 (၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။  ယနေ့နံနက်မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ယမန့်နေက ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း

တို့တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေိပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်

ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်၊

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၅-၁၀)၊တစ်ခါတစ်ရံ (၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်၊(၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အရှေ့တောင်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)၊တစ်ခါတစ်ရံ (၃၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှလှိုင်းကြီးမည်။