DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့

တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော

အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် ပိုမိုအားကောင်းလာခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း

(Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့

(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၄၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏

အရှေ့တောင် ဘက် (၆၇၅)မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam)၏ တောင်-အရှေ့တောင်ဘက်

(၇၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည်

အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျား

မည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
 
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၁၅:၃၀)နာရီ အချိန်တွင်

မြောက်လတ္တီကျု(၅.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)

ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် နောက်(၂၄)နာရီအတွင်း အားကောင်း သော

ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဖန်နီ" (FANI)အဖြစ်သို့ ရောက် ရှိနိုင်သည်ဟု ခန့်မှန်း

ရပါသည်။

အကြံပြုချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘော

များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။