DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၈-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့် ရှိနေပါသည်။

 

လပတ်မြစ်ရေခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ စက်တင်ဘာလအတွက် ခန့်မှန်းချက်

(၂၈-၈-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည်  မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊  ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့် နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့   ကျော်လွန်ရောက်ရှိနိုင်ပါသည်။