DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၂-၁-၂၀၂၆ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်

    ၂၀၁၅ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ်၊ ဝါခေါင်လဆုတ်(၂)ရက်နေ့)မှ

စ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိဖြစ်ပါသည်။

၁။ မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ
    
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်။
(က)၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၁၁ - ၁၆)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း၊
(ခ)၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၇ - ၂၂)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊
(ဂ) ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ (၂၃ - ၂၇) ရက်အတွင်း  မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊
(ဃ)၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့မှ အောက်တိုဘာလ(၃)ရက်နေ့အတွင်း မြန်မာနိုင်ငံ

တစ်ဝှမ်းလုံးမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

၂။  ဘင်္ဂလားပင်လယ်အော်အခြေအနေ
    
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်

ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်ရှိနိုင်ပါသည်။

၃။  မိုးအခြေအနေ
    
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်း

တိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်

ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။