ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၀.၉.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက

 (၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလား

ပင်လယ်အော်အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင်

ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်တွင်မုတ်သုံလေ

အားနည်းနေပြီး၊ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။   

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်၊

အမြင်တာ။ (၅)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့)အနာက်မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့် ရှိမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်။

ရေပြင်လေ။ တောင်(သို့)အရှေ့တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံမိုင်(၄၀)။

လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။