Earthquake News
မြေငလျင်သတင်း
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၄)မိနစ်၊ (၂၁) စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၁၆၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သံတွဲမြို့၏ အရှေ့ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၉)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။













