DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၆-၅-၂၀၂၆  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ   
    
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ

ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး 

(၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

မိုးအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ရွာသွန်းမြဲအောက်လျော့နိုင်ပြီး၊  ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။

မိုးရွာရက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်

ကယားပြည်နယ်တို့တွင် (၁၀)ရက်မှ (၁၄)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၁၅)ရက်မှ

(၁၉) ရက်ခန့် ရွာသွန်းနိုင်ပါသည်။