DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၅-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်၊ (၁၃:၀၀) နာရီ အချိန်ထုတ်ပြန်ချက်)

        ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

       ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

         သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်နှင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။