DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၆-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

မိုးကြီးမည့်သတိပေးချက်

မိုးကြီးမည့်သတိပေးချက်

အောက်တိုဘာလ(၆)ရက်နေ၊့ မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

မိုးကြီးမည့်သတိပေးချက်၊အမှတ်စဉ်(၀၅/၂၀၁၅)

ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်တွင်

ဖြစ်ပေါ်နေသောလေထုမငြိမ်မသက်မှုကြောင့် ယနေ့မွန်းလွဲမှ နောက်(၃)ရက်အတွင်းအောက်ဖော်ပြပါ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်

နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်းမိုးရေချိန်

(၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်(၂၄)နာရီအတွင်း

မိုးရေချိန်(၁)လက်မခွဲ (၃၈-မီလီမီတာ) နှင့်အထက်ရွာသွန်းနိုင်ပါသည်။