ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက် (၁၆.၁၀.၂၀၁၅)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက

 (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၅)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၅)မိုင်၊မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။အရှေ့(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊တစ်ခါတစ်ရံ(၂၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။