DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၉-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလအတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်

(၂၈-၁၀-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်မော်မြို့နှင့် ကသာမြို့တို့တွင် ၂ပေခွဲမှ ၃-ပေခန့်၊မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊မြင်းမူမြို့၊ပခုက္ကူူ  နှင့် ညောင်ဦးမြို့တို့တွင်၄-ပေမှ ၆-ပေခန့်၊ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၇-ပေမှ ၉-ပေခန့်  လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီမြို့၊ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့တို့တွင် ၂ပေခွဲမှ ၃ပေခွဲခန့်၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့နှင့် မုံရွှာမြို့တို့တွင် ၄-ပေမှ ၆-ပေခန့်လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ပါသည်။