Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၁း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ(၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ(၀၁)မိနစ်(၀၀) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၅၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏တောင်-အနောက်တောင်ဘက် (၅)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၂.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၇၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။