DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၁၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါ သည်။ ထိုမှတစ်ဆင့် နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

 

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊ (၁၃:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

             ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့တွင် (၃၇၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် (၁)ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ဧပြီလ တတိယ (၁၀)ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။

            ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် (၃၇၈) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် (၁)ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ဧပြီလ တတိယ (၁၀)ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။ 

           ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၆၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၅)ရက်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။