Low Pressure Area Condition

လေဖိအားနည်းရပ်ဝန်းအခြေအနေ

 (၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)       

          "ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား

နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ပိုမိုအားကောင်းလာကာ ယနေ့

ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression)

အဆင့်သို့လည်းကောင်း၊ (၁၆.၅.၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်

တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိ နိုင်ပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီး

နောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ (၁၇.၅.၂၀၂၀)

ရက်နေ့ နောက် ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလား

ပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။"