ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 (၂၀၂၀ ပြည့်နှစ် မေလ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၃၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ (Pathein)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၇၀)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် (၄၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                  တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၅)မှ မိုင် (၄၀)။          

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                  (၈)ပေမှ (၁၀)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။

ရေပြင်လေ။                 အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၂၀ - ၂၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)မှ (၄၅)မိုင်။

လှိုင်းအ‌ခြေအနေ။          လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။

လှိုင်းအမြင့်။                  (၉)ပေမှ (၁၄)ပေခန့်။