DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈.၅.၂၀၂၀ ရက်နေ့ထုတ်ပြန်သည်)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့ နှင့် ကသာမြို့တို့တွင်  (၁၀)ပေမှ (၁၂)ပေခန့်နှင့် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၈)ပေမှ (၁၀)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၁၃)ပေမှ (၁၅)ပေခန့် နှင့် မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁၀)ပေမှ (၁၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၄)ပေမှ (၆)ပေခန့်၊ ဒုဝတီမြစ်ရေသည် သီပေါမြို့တွင် (၂)ပေမှ (၃)ပေခန့်၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် (၆)ပေမှ (၉)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၅)ပေမှ (၇)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃)ပေမှ (၅)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၆)ပေမှ (၈)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၅)ပေမှ (၇)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၃)ပေမှ (၅)ပေ ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၉)ပေမှ (၁၂)ပေခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့ တွင် (၃)ပေမှ (၅)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂)ပေမှ (၄)ပေခန့်၊ ကုလားတန်မြစ်ရေ သည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် (၆)ပေမှ (၉)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၅)ပေမှ (၇)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၈)ပေမှ (၁၀)ပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။