DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၁၀-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်  တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး  ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အတင့်အသင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အခြေအနေ
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

     

ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်း

သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။