DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၈-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏ အရှေ့ဘက် ရေမိုင် ၁၄၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့(Paradip)၏ တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မိုးကြီးမည့်သတိပေးချက်

မိုးကြီးမည့်သတိပေးချက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

                                                       မိုးကြီးမည့်သတိပေးချက်အမှတ်စဉ် (၀၁/၂၀၁၆)
         ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင်

ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း “ဒိုင်ယမ်မူ” (Dianmu)သည် (၁၉.၈.၂၀၁၆)ရက်နေ့ ညနေပိုင်းတွင်

ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

      အဆိုပါ အပူပိုင်းမုန်တိုင်း “ဒိုင်ယမ်မူ” (Dianmu)၏ အကြွင်းအကျန်တိမ်တိုက်များကြောင့်

(၂၀.၈.၂၀၁၆)ရက်နေ့မှ (၂၂.၈.၂၀၁၆)ရက်နေ့အတွင်း အောက်ဖော်ပြပါတိုင်းဒေသကြီးနှင့် ပြည်နယ်

များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)

လက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။

     နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး

တိုင်းဒေသကြီးတို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၁)လက်မခွဲ (၃၈-မီလီမီတာ)နှင့် အထက်

ရွာသွန်းနိုင်ပါသည်။

     သို့ဖြစ်ပါ၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို

လည်းကောင်း၊မြစ်ငယ် ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေ

ရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန်

အကြံပြုအပ်ပါသည်။