DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလ အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလ အတွက် မိုးလေဝသခန့်မှန်းချက်
(၂၈.၈.၂၀၁၆)ရက်နေ့ထုတ်ပြန်ချက်

၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလသတ်မှတ်ခြင်း

၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့

(မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်၊ ဝါခေါင်လကွယ်နေ့)မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၊ မုတ်သုံလေဆုတ်ခွာမည့် အခြေအနေ
=============================

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း

ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်။

(က) စက်တင်ဘာလ (၁၂-၁၆)ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း၊

(ခ) စက်တင်ဘာလ (၁၈-၂၂)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း

(ဂ) စက်တင်ဘာလ (၂၄-၂၈) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း

(ဃ) စက်တင်ဘာလ (၃၀)ရက်မှ အောက်တိုဘာလ(၄)ရက် အတွင်းမြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ

ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်

ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါ သည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနိုင်ပါသည်။

မိုးအခြေအနေ
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်

ရွာသွန်းမြဲ ထက်ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်

မိုးထစ်ချုန်းရွာနိုင်ပါသည်။