DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၁၀-၂၀၂၅: ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

 

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ စက်တင်ဘာလအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၈-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

      ၂၀၁၆ခုနှစ် စက်တင်ဘာလအတွင်း ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည်  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့်   ဇလွန် မြို့တို့တွင်(၁)ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ နှင့်မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ် ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းေ        ချာင်းမြို့နှင့်ပုသိမ်မြို့တို့တွင် (၁) ကြိမ်ခန့်စီနှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင်(၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။