DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

      မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၀)

      မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 (က)   ယနေ့မြန်မာစံတော်ချိန်(၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အရှေ့

ဘက်မှ လာသော အပူပိုင်းမုန်တိုင်း “နိုလ်” (NOUL)သည် အနောက်ဘက်သို့ ရွေ့လျာ

းကာ၊ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ

ဖြတ်သန်း လာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်

လယ်အော်တောင် ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်း

လာနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ (၁၉.၉.၂၀၂၀)မှ (၂၂.၉.၂၀၂၀)ရက်နေ့

အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်

တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်

နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်

ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသ

အလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။

(ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ

ဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊

ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် 

(၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်၊

နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် (၂၄)နာရီအတွင်း မိုးရေ

ချိန်(၁.၅)လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်း နိုင်ပါသည်။