DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က သီရိလင်္ကာနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မန်နာပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့ သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်  

 (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။    နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                     (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                   အနောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။       

လှိုင်းအ‌ခြေအနေ။           လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၄)ပေမှ (၆)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                    (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                    အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ(၂၅)မိုင်။          

လှိုင်းအ‌ခြေအနေ။           လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                    (၄)ပေမှ (၆)ပေခန့်။