DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁၂-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် တောင်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ စတင်ဖြတ်ကျော်လျက် ရှိပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ နောက် ၆ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၀)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ  ၃  ရက်)        

   (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

          (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  မန်နာ ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန် (Pamban)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅)မိုင်ခန့်နှင့် ကန်ညာကူ မာရီ(Kanyakumari)မြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၇၉.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရေွ့လျားပြီး၊ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး(Tamil Nadu)ကမ်းခြေတောင်ပိုင်းကို ပမ်ဘန်(Pamban)မြို့နှင့် ကန်ညာကူမာရီ(Kanyakumari)မြို့တို့ကြားမှ  ဖြတ်ကျော်ဝင်ရောက်နိုင်သည် ဟု ခန့်မှန်းရပါသည်။