DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၁-၅-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၄)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၄)
----------------------------------------------------
ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ
------------------------------------------

(က) ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း

မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊

မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၈၅) မိုင်ခန့်၊ ဂွမြို့၏

အနောက်-အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်

ဘက် မိုင် (၂၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက်

မိုင် (၃၈၀) ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၅၀၀)ခန့်အကွာ

ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) သည်

အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့်

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
---------------------------------------------------------------------------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟို

ချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ

လျှင် မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်
----------------------------------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၃၆)နာရီအတွှင်း ပိုမိုအားကောင်းလာကာ

အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
--------------------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ေ

ရာက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည်

တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်
----------------

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။