DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၀-၁-၂၀၂၆: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၈၅၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၅၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျား နိုင်ပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားနိုင်ကာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေကို ထရီကိုမာလီမြို့(Trincomalee)နှင့် ဂျက်ဖ်နာမြို့(Jaffna)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၂၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၃၁)

မုန်တိုင်းငယ်အ‌ခြေအနေ
  (က)    ယနေ့မြန်မာစံတော်ချိန်(၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည်  အနောက်-

အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့ သွားခဲ့ပါသည်။ အဆိုပါ

မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၃၀)ခန့်နှင့်

မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့ တောင်ဘက် (၁၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး

နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၂၁း၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု

(၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ခန့် ဖြစ်ပါသည်။